Terms & Conditions

စည်းကမ်းနှင့် သတ်မှတ်ချက်များ

YangonShop.com မှ ကြိုဆိုပါတယ်။ ဒီ Website ကို အသုံးပြုခြင်းနဲ့ ပစ္စည်းမှာယူခြင်းအားဖြင့် အောက်ပါ စည်းကမ်းချက်များကို သဘောတူပြီးဖြစ်ပါတယ်။

၁။ အော်ဒါတင်ခြင်း

အော်ဒါတင်ပြီးနောက် ကျွန်ုပ်တို့ဝန်ထမ်းက ဖုန်းဆက်ပြီး အော်ဒါအချက်အလက်တွေကို အတည်ပြုပြီးမှသာ အော်ဒါကို အတည်ပြုမှာ ဖြစ်ပါတယ်။

အောက်ပါအခြေအနေများမှာ အော်ဒါကို ပယ်ဖျက်နိုင်ပါတယ်။

  • ပစ္စည်းလက်ကျန်မရှိတော့ခြင်း
  • Website မှာ ဈေးနှုန်းမှားယွင်းဖော်ပြထားခြင်း
  • ပစ္စည်းပို့ရမယ့် အချက်အလက်တွေကို အတည်ပြုလို့မရခြင်း

၂။ ဈေးနှုန်း

ပစ္စည်းဈေးနှုန်းများကို မြန်မာကျပ် (Ks) ဖြင့် ဖော်ပြထားပါတယ်။

အခွန်ပါဝင်မှုရှိပါက ဈေးနှုန်းထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဈေးနှုန်းနဲ့ Promotion များကို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲနိုင်ပါတယ်။

အော်ဒါပို့ဆောင်မယ့်အချိန်မှာ ဖုန်းဖြင့် အတည်ပြုပေးတဲ့ ဈေးနှုန်းအတိုင်း ငွေပေးချေရပါမယ်။

၃။ ငွေပေးချေခြင်း

အခြားနည်းလမ်းတစ်ခုကို ကြိုတင်သဘောတူထားခြင်းမရှိပါက ပစ္စည်းရောက်မှ ငွေပေးချေခြင်း (COD) နဲ့ ပေးချေရပါမယ်။

ပစ္စည်းလက်ခံတဲ့အချိန်မှာ ပစ္စည်းကို စစ်ဆေးပေးပါ။

၄။ ပစ္စည်းပို့ဆောင်ခြင်း

ဖော်ပြထားတဲ့ ပို့ဆောင်ချိန်တွေက ခန့်မှန်းချိန်သာ ဖြစ်ပါတယ်။ ဝေးလံတဲ့ဒေသတွေကို ပစ္စည်းပို့ရာမှာ အချိန်ပိုကြာနိုင်ပါတယ်။

ပစ္စည်းပို့တဲ့အခါ လိပ်စာမှာ လက်ခံမယ့်သူမရှိဘဲ အကြိမ်ကြိမ် ပို့ဆောင်လို့မရပါက အော်ဒါကို ပယ်ဖျက်နိုင်ပါတယ်။

၅။ ပစ္စည်းပြန်လဲခြင်းနှင့် အာမခံ

ပစ္စည်းလက်ခံရရှိပြီး ၃ ရက်အတွင်း ပစ္စည်းချို့ယွင်းနေခြင်း သို့မဟုတ် Website မှာ ဖော်ပြထားတာနဲ့ မတူခြင်းရှိပါက ပစ္စည်းပြန်လဲနိုင်ပါတယ်။

အာမခံစည်းကမ်းချက်တွေက ပစ္စည်းထုတ်လုပ်သူရဲ့ Warranty စည်းကမ်းအတိုင်း ဖြစ်ပါတယ်။

ဝယ်ယူသူကြောင့် ဖြစ်ပေါ်တဲ့—

  • ပစ္စည်းပျက်စီးခြင်း
  • ရေဝင်ပျက်စီးခြင်း
  • ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ခြင်း

တို့အတွက် Warranty မပါဝင်ပါ။

၆။ တာဝန်ယူမှု

အော်ဒါတစ်ခုအတွက် ကျွန်ုပ်တို့၏ တာဝန်ယူမှုသည် ထိုအော်ဒါအတွက် သင်ပေးချေထားတဲ့ ငွေပမာဏအထိသာ ဖြစ်ပါတယ်။

ပစ္စည်းအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခြားဆုံးရှုံးမှုများအတွက် ကျွန်ုပ်တို့မှ တာဝန်ယူမည်မဟုတ်ပါ။

၇။ စည်းကမ်းချက်များ ပြောင်းလဲခြင်း

လိုအပ်ပါက ဒီစည်းကမ်းချက်တွေကို အချိန်မရွေး ပြင်ဆင်နိုင်ပါတယ်။

Website မှာ နောက်ဆုံးဖော်ပြထားတဲ့ စည်းကမ်းချက်တွေက ပြင်ဆင်ပြီးနောက် တင်ထားတဲ့ အော်ဒါများအတွက် အကျုံးဝင်ပါတယ်။