ကိုယ်ရေးအချက်အလက် လုံခြုံရေးမူဝါဒ
သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကျွန်ုပ်တို့က အလေးထားပြီး လုံခြုံစွာ ထိန်းသိမ်းပေးပါမည်။ ဤမူဝါဒမှာ သင့်အချက်အလက်တွေကို ဘာကြောင့်စုဆောင်းသလဲ၊ ဘယ်လိုအသုံးပြုသလဲနဲ့ ဘယ်လိုကာကွယ်ပေးသလဲဆိုတာ ရှင်းပြထားပါတယ်။
၁။ ဘယ်အချက်အလက်တွေကို စုဆောင်းသလဲ?
Website သို့မဟုတ် App မှာ Account ဖွင့်ခြင်း (Register) သို့မဟုတ် ပစ္စည်းမှာယူခြင်း (Order) ပြုလုပ်တဲ့အခါ အောက်ပါအချက်အလက်တွေကို တောင်းခံနိုင်ပါတယ်။
- အမည်
- အီးမေးလ်လိပ်စာ
- ဖုန်းနံပါတ်
- နေရပ်လိပ်စာ
- ပစ္စည်းပို့ရမည့်လိပ်စာ
၂။ ဘယ်အချိန်မှာ အချက်အလက်တွေကို စုဆောင်းသလဲ?
သင်က Website သို့မဟုတ် App မှာ Register ပြုလုပ်တဲ့အခါ သို့မဟုတ် Order တင်တဲ့အခါ သင့်အချက်အလက်တွေကို စုဆောင်းပါတယ်။
၃။ သင့်အချက်အလက်တွေကို ဘယ်လိုအသုံးပြုသလဲ?
သင့်အချက်အလက်တွေကို စုဆောင်းထားတဲ့ ရည်ရွယ်ချက်အတွက်သာ အသုံးပြုပါတယ်။ ဥပမာ –
- သင့် Order ကို အတည်ပြုရန်
- ပစ္စည်းပို့ဆောင်ရန်
- Order နဲ့ပတ်သက်ပြီး သင့်ကို ဆက်သွယ်ရန်
- သင့် Account ကို စီမံခန့်ခွဲရန်
၄။ သင့်အချက်အလက်တွေကို ဘယ်လိုကာကွယ်သလဲ?
သင့်ကိုယ်ရေးအချက်အလက်တွေကို မပျောက်ဆုံးစေရန်၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်း၊ ကူးယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ပြင်ဆင်ခြင်း မဖြစ်စေရန် သင့်လျော်တဲ့ လုံခြုံရေးနည်းလမ်းတွေနဲ့ ကာကွယ်ထားပါတယ်။
သင့်အချက်အလက်တွေကို သက်ဆိုင်ရာဥပဒေများနှင့်အညီ လုံခြုံစွာ ထိန်းသိမ်းထားပြီး ခွင့်ပြုချက်မရှိသူများထံ မရောင်းချ၊ မငှားရမ်း၊ မဖော်ပြပါ။