မေးလေ့ရှိသော မေးခွန်းများ
ပစ္စည်းကို ဘယ်လိုမှာယူရမလဲ?
ဆိုင်ထဲမှာ ပစ္စည်းကို ရှာပြီး ပစ္စည်းပေါ်က + ခလုတ်ကိုနှိပ်ကာ Cart ထဲထည့်ပါ။ ပြီးရင် Cart ကိုဖွင့်ပြီး Buy Now သို့မဟုတ် Add to Cart ကိုနှိပ်ကာ အော်ဒါတင်နိုင်ပါတယ်။
ဖုန်း၊ Viber သို့မဟုတ် Telegram ကနေတစ်ဆင့်လည်း တိုက်ရိုက်ဆက်သွယ်ပြီး မှာယူနိုင်ပါတယ်။
ဘယ်လိုငွေပေးချေလို့ရလဲ?
လက်ရှိမှာ ပစ္စည်းရောက်မှ ငွေပေးချေခြင်း (COD) ကို လက်ခံပါတယ်။
အချို့နေရာတွေမှာ KBZPay / WavePay နဲ့လည်း ငွေပေးချေလို့ရပါတယ်။ မှာယူမယ့်အရင် ဆက်သွယ်ပြီး မေးမြန်းပေးပါ။
ပစ္စည်းပို့ဖို့ ဘယ်လောက်ကြာမလဲ?
- ရန်ကုန် — ၁ ရက်မှ ၂ ရက်
- မန္တလေးနှင့် အခြားမြို့များ — ၂ ရက်မှ ၅ ရက်ခန့်
ပစ္စည်းပို့မယ့်အချိန်ကို အော်ဒါမပို့ခင် ဖုန်းဆက်ပြီး အတည်ပြုပေးပါမယ်။
ပစ္စည်းပို့ခ ဘယ်လောက်ကျမလဲ?
ပစ္စည်းပို့ခက သင်နေတဲ့မြို့နယ်နဲ့ မှာယူတဲ့ပစ္စည်းအရေအတွက်/အရွယ်အစား ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။
ပစ္စည်းမပို့ခင် ပစ္စည်းပို့ခအတိအကျကို ဖုန်းဆက်ပြီး အတည်ပြုပေးပါမယ်။
ပစ္စည်းပြန်လဲလို့ရလား?
ရပါတယ်။ ပစ္စည်းမှာ ချို့ယွင်းချက်ရှိတာ၊ ဒါမှမဟုတ် Website မှာဖော်ပြထားတာနဲ့ မတူတာရှိရင် ပစ္စည်းလက်ခံရရှိပြီး ၃ ရက်အတွင်း ဆက်သွယ်ပေးပါ။
ပစ္စည်းကို မူရင်းထုပ်ပိုးမှုနဲ့အတူ ဆက်စပ်ပစ္စည်းများ အပြည့်အစုံရှိရပါမယ်။
ရောင်းတဲ့ပစ္စည်းတွေက မူရင်းပစ္စည်းတွေလား?
ဟုတ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ပစ္စည်းတွေကို တရားဝင်ခွင့်ပြုထားတဲ့ ပေးသွင်းသူများ ထံမှ ရယူထားပါတယ်။
ပစ္စည်းတစ်ခုချင်းစီအတွက် သတ်မှတ်ထားတဲ့ အာမခံ (Warranty) ရှိပါက Product Page မှာ ဖော်ပြပေးထားပါတယ်။
အကူအညီလိုသေးလား?
မေးစရာရှိသေးရင် အပေါ်မှာရှိတဲ့ ⋮ ခလုတ်ကိုနှိပ်ပြီး ဖုန်း၊ Viber သို့မဟုတ် Telegram ကနေ ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါတယ်။